အမရပူရမြို့နယ်အတွင်းရှိ မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာမြက်များ စိုက်ပျိုးထားမှု ကွင်းဆင်းစစ်ဆေး

အမရပူရ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် မိုးရာသီ၌မြစ်ရေကြီးခြင်း၊ မိုးများခြင်းတို့ကြောင့် နှစ်စဥ်တိရစ္ဆာန်များအတွက် အစာအခက်အခဲဖြစ်ပေါ်နေမှုများကို ဖြေရှင်းနိုင်ရန်အတွက် သာယာအေးကျေးရွာ တောင်သူဦးကံစိန်၏ မြေ (၃) ဧကပေါ်တွင် စိုက်ပျိုးထားသည့် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက်များ ဖြစ်ထွန်းနေမှုကို ဇူလိုင်လ ၄ ရက်နေ့၊ နံနက်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် သာယာအေးကျေးရွာရှိ တောင်သူ ဦးကံစိန် လယ်မြေ (၃) ဧကပေါ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်း ရက်သတ္တပတ်လုပ်ငန်း ဆောင်ရွက်ခဲ့ကြပြီးခြင်းဖြစ်ပြီး ပျိုးပင်များပေးအပ်ကာ အပင်များအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြကြောင်း၊  အမရပူရမြို့နယ်အတွင်း မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာ မြက်စိုက်ခင်း ၁၇ ဧကရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)