ချမ်းမြသာစည်မြို့နယ်တွင် (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ချမ်းမြသာစည် ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများက (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင်ဇွန်လ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ  ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများအလိုက် နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၁၀)နှစ်နှင့်အထက် ၎င်းတို့၏မိသားစုဝင်များအား (Biometric) အချက်အလက်များ ကောက်ယူခြင်း၊ နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင်ထည့်သွင်းသိမ်းဆည်းပြီး ဂဏန်း (၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် စုရပ်များသတ်မှတ်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ကျော်စွာ (ချမ်းစည်)