ကျောက်ကြီး ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် (Youth Club) အဖွဲ့ဝင်များနှင့် ဒေါက်တာ မတင်ဝင်း ရေးသားထားသော အလုပ်ဆိုတာ အင်အားပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့ ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အိအိမွန်က အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြန်/ဆက် ပြည်သူ့စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှု လေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်ပါအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် (Youth Club) အဖွဲ့ဝင်များက ဒေါက်တာမတင်ဝင်း ရေးသားထားသည့် အလုပ်ဆိုတာ အင်အားပါ စာအုပ်တွင်ပါရှိသည့် "အလုပ်တွင်အောင် လုပ်ချင်လျှင်စိတ်ကို အေးအေးထားနိုင်ပါစေ၊ အိုသော်လည်း အပယ်မခံရအောင် အလုပ်ကိုဇွဲခတ်၍လုပ်ပါ၊ ကိစ္စမရှုပ်အောင်နေရင် အလုပ်တွင် အောင်လုပ်နိုင်ပါ တယ်၊ အလုပ်တွင်ကျယ်စေချင်ရင် လူရောစိတ်ပါ ကျန်းမာဖို့လိုပါ တယ်၊ အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင် အများနှင့် ပြေလည်အောင် ဆက်ဆံတတ်ပါစေ" စသည့် ခေါင်စဥ်များဖြင့် ယနေ့ ကျောင်းသားလူငယ်များ၏ အတွေးအမြင်များအား ဝိုင်းဝန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)