အိမ်မဲ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဂယက်ကြီးကျေးရွာအုပ်စု ကန္နားကျေးရွာတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေဥပဒေကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့တွင်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ မှအတွင်းရေးမှူး ဦးသန်းဆွေက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ လယ်ယာမြေလုပ်ကိုင်ခွင့်ရသူများ၏ အခွင့်အရေးများ၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ လယ်ယာမြေအငြင်းပွားမှုဖြေရှင်းခြင်း ဆောင်ရွက်ရန် ကိစ္စများကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဂယက်ကြီးကျေးရွာ၊ ညောင်ငူကျေးရွာ၊ ရေငံကွင်းကျေးရွာ၊ ကျုံခရီ ကျေးရွာ၊ ခတ္ထိယကျေးရွာ၊ ကျိုက်ပိကျေးရွာ၊ သဖန်းပင်ဆိပ်ကျေးရွာမှ ပြည်သူများတက်ရောက်ခဲ့ပြီး လယ်ယာမြေဥပဒေနှင့် ပတ်သက်ပြီးသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ပြန်လည်ဖြေကြားပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)