ကော့သောင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များအား (Biometric Data)  ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းများဆောင်ရွက်

ကော့သောင်း  ဇူလိုင်  ၇

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေး အချက်အလက်မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းကို ဇွန်လ ၂၇ ရက်နေ့မှစတင်၍ ခရိုင်ဦးစီးမှူးရုံးတွင်ကောက်ယူလျက်ရှိကြောင်းသိရသည်။

အဆိုပါ Biometric အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်မြို့နယ်ဦးစီးမှူးများ ဦးဆောင်၍ ဝန်ထမ်းများက အသက်(၁၀)နှစ်နှင့်အထက်နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို Enrollment Application Form (ပုံစံ-၁)ဖြင့် မျက်နှာ၊ မျက်လုံး၊ လက်ဗွေကို Screen ဖတ်ပြီး အချက်အလက်များအား Enrollment Device ဖြင့်  server ထဲထည့်၍  အချက်အလက်များကို QR ကုတ် ပါသည့် ဂဏန်း(၁၀)လုံးပါသော UID နံပါတ် ပြန်လည်ထုတ်ပေးခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းကို ဦးတည်အုပ်စုများ သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ Biometric အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးအောင်နှင့် အဖွဲ့ဝင်များက ယမန်နေ့က ကြည့်ရှုအားပေးခဲ့ပြီး ကနဦးအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်မှီခိုသူမိသားစုဝင်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)