ပိုင်ကျုံမြို့ရှိ အထက်ပိုင်ကျုံလမ်းမကြီးအား  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ  ဇူလိုင်  ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေးနှင့် မြို့သာယာလှပ‌ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ကရင် ပြည်နယ်အစိုးရအဖွဲ့၏  ခွင့်ပြုရန်ပုံငွေဖြင့် အထက် ပိုင်ကျုံမကြီးအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဧပြီ၂၂ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် ပိုင်ကျုံမြို့ အမှတ်()ရပ်ကွက်နှင့် အမှတ်()ရပ်ကွက်တို့ ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး အရှည်(၆၅၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၆)လက်မရှိကြောင်း ယင်းလမ်းခင်း ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၄၉၉.၈)သန်းဖြင့် ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ယခုအခါ လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပြီးဖြစ်၍ ခရီးသွားပြည်သူများနှင့်  ဒေသနေပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အန္တရာယ် ကင်းစွာသွားလာနိုင်သည့်အပြင် ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူလာပြီးဖြစ်ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)