တောင်တွင်းကြီးမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲ ပြုလုပ်

တောင်တွင်းကြီး ဇူလိုင် 

ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က အာဇာနည်ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံအပေါ်ထားရှိသည့် မျိုးချစ်စိတ်ဓာတ်၊ ခံယူချက်၊ စွန့်လွှတ်အနစ်နာခံလိုစိတ်များအကြောင်းနှင့် အာဇာနည်ခေါင်ဆောင်ကြီးများအကြောင်းကို ယနေ့ခေတ်လူငယ်များ အတုယူအားကျမှုရှိစေရန်နှင့် နိုင်ငံတော်အတွက်အားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဟောပြောခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက (၇၆) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) အဖြစ် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အောင်ကို (ဗိဿနိုးမြေ)

တောင်တွင်းကြီး (ပြန်/ဆက်)