ရသေ့တောင် ဇူလိုင် ၇
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော တပ်မတော်အရာရှိကြီးဗိုလ်ချုပ် အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဋ္ဌဦးနိုင်လင်းထက်သည် တာ၀န်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အရှေ့မြောက်ဓမ္မာရုံကြီးတွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဆေးအဖွဲ့မှ ဆရာဝန်များက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ပေါင်းစပ် ကူညီဆောင်ရွက်ပေးခဲ့ကာ လာရောက်ဆေးကုသမှုခံယူကြသော ပြည်သူများအား တာဝန်ရှိသူများက အားပေးစကားပြောကြားသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဒေသခံပြည်သူ (၂၀၀) ဦးခန့် လာရောက်ဆေးကုသမှု ခံယူကြပြီး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော တပ်မတော်အရာရှိကြီး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်လင်း ထက်နှင့်တာဝန်ရှိ သူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော အမိုးလန်ပျက်စီးခဲ့သော အရှေ့မြောက်ဓမ္မရုံကြီးအတွက် သွပ်အချပ် (၅၀) အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ရသေ့တောင်(ပြန်/ဆက်)