လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များ ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီ၌ မြို့နယ်ပညာရေးမှူးရုံးတွင် (Biometric) လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် လျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ကိုယ်ရေး အချက်အလက်များကို အီလက်ထရောနစ် မှတ်ပုံတင်လုပ်ငန်းအဖြစ် (server) အတွင်းရေးသွင်းပြီး (e-ID) စနစ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကိုယ်ရေးအချက်အလက်မှတ်တမ်းအား (e-ID Biometric Registration System) အတွင်းသို့လည်းကောင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းပုံစံ (၆၆/၆) များအား (e-ID Household Registration System) အတွင်းသို့လည်းကောင်း အသီးသီးထည့်သွင်း ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံသားတစ်ဦးချင်းစီနှင့် ဝန်ထမ်းမိသားစုဝင်တို့၏ (Biometric Data) များ ဖြည့်သွင်းဆောင်ရွက်ရာတွင် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို (Enrollment Application Form) (ပုံစံ-၁)ဖြင့် မျက်နှာ၊ မျက်လုံး၊ လက်ပွေကို (Screen) ဖတ်ပြီး အချက်အလက်များအား (Enrollment Device) ဖြင့်  (server) ထဲထည့်ပြီး  အချက်အလက်များကို (QR Code)  ဂဏန်း(၁၀)လုံးပါသော (Unique ID) နံပါတ်ပါစာရွက် ပြန်လည်ထုတ်ပေးလျက်ရှိပြီး  နိုင်ငံ့ဝန်ထမ်းများနှင့် မှီခိုသူမိသားစုဝင်များကို ကွင်းဆင်း၍ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း ကို မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထံမှ သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)