လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပပြုလုပ်

မြင်းမူ ဇူလိုင် ၇

ကျောင်းသားလူငယ်များအား ပညာရေးနှင့်ပတ်သက်သည့် အသိပညာများပိုမိုသိရှိ ဇူလိုင်လ(၇)ရက်နေ့က စစ်ကိုင်းခရိုင်၊  မြင်းမူမြို့ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်မိုးက ဌာန၏ရည်မှန်းချက်တစ်ခုဖြစ်သည့် အသိပညာမြင့်မားရေးအတွက် ဘက်ပေါင်းစုံမှစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း အငြိမ်းစားဆရာကြီးဦးမောင်မောင်အား ကျောင်းသားလူငယ်များအတွက် ပညာရေးဆိုင်ရာအသိပညာများဆွေးနွေးတင်ပြပေးမည်ဖြစ်ကြောင်းပြောကြားသည်။ ဆရာကြီးမှဆွေးနွေးရာတွင် နိုင်ငံတိုင်းပြည်များ၏ဖွံ့ဖြိုးမှု ချမ်းသာကြွယ်ဝမှုများသည်  အသိပညာအတတ်ပညာအပေါ်အခြေခံသည်ဖြစ်ကြောင်း၊  ယနေ့နိုင်ငံများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသည့် ခေါင်းဆောင်များသည် ပညာနှင့်ကင်းကွာခဲ့သူမရှိကြောင်း၊ ပညာတတ်ဖြစ်မှသာ အမှန်/ အမှားကိုဝေဖန်ပိုင်းခြားနိုင်ကာ လောက၏အထွတ်အထိပ်ကိုရောက်အောင် ဦးဆောင်နိုင်ကြမည့်သူများမှာ ယနေ့ပညာသင်ကြားလျက်ရှိကြသည့်  လူငယ်များဖြစ်၍ထူးချွန်ထက်မြက်သော လူငယ်များဖြစ်စေရေးပြုစုပျိုးထောင်ပေးလျက်ရှိရာ ပညာသည်လူငယ်များအတွက် အရေးကြီးဆုံးနှင့်အခြေခံအကျဆုံးဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

မြို့နယ်ပြန်/ဆက်ဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများဖြစ်သော လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မြေစိုက်ပြဘုတ်တွင် ကျန်းမာရေး၊ ပညာရေးစသည့်အသိပညာပိုစတာများ ပြသဆောင်ရွက်ပေးခြင်းအပြင် ဌာနအသီးသီးမှကျွမ်းကျင်သူများနှင့်တွေ့ဆုံကာ(Online)မှတစ်ဆင့်(TALK SHOW) အစီအစဉ်များ တင်ဆက်ပေးလျက်ရှိသည်။

အောင်စိုးဖေ (မြင်းမူ)