ဝန်းသို ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများအနေဖြင့် စာပေလေ့လာဖတ်ရှုမှတ်သားမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန်၊ လူမှုဆက်ဆံရေးတို့တွင်များစွာ အထောက်အကူပြုနိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခွင်ကြည်က စာဖတ် ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်စံဝင်း၏ “စိတ်စည်းကမ်း” စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ဒေါ်ခက်မြတ်စိုး (စာကြည့်တိုက် လက်ထောက်-၃)က “စိတ်စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သွင်ဇာဦး (ရုပ်သံကျွမ်းကျင်-၃)က “စိတ်ကိုပြုပြင်၍ရသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်မြလှိုင် (အငယ် တန်းစာရေး)က ”စိတ်ရင်းစေတနာကောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဒေါ်ခွင်ကြည်၊ ဦးစီးအရာရှိက ဝန်ထမ်းများ၏ မေးမြန်းဆွေးနွေးမှုများအပေါ်ဖြည့်စွက်၍ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။
ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး (Community Activities)များ အရှိန်အဟုန်မပျက် လှည်ပတ်ဆောင်ရွက်လျက်ရှိရာ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)၊ အမျိုးသမီးအသင်း (Woman Club)နှင့် လူငယ်အသင်း (Youth Club)များ ဖြင့်ပူးပေါင်း၍ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲ၊ သင်တန်း၊ (Talk Show) များကို လစဉ်ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်း