ငါးသိုင်းချောင်း ဇူလိုင် ၇ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဇီးကုန်းကျေးရွာတွင် အခြေခံပညာ မူလတန်းကျောင်းဝင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နံနက် (၉)နာရီ(၃၀)မီးနစ် အချိန်က အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ကျင်းပပြုလုပ်သည်။
ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ရေကြည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဥ်တွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်တို့က ဂုဏ်ပြု အမှာစကား ပြောကြားခဲ့ကြသည်။
အဆိုပါကျောင်းဆောင်သစ်သည် ပြည်ထောင်စုဘတ်ဂျက်ငွေလုံးငွေရင်း ရန်ပုံငွေ (၁၀၁၉.၃) သိန်းဖြင့် တည်ဆောက်ခဲ့ပြီး၊ ပေ(၆၀၃၀) RC တစ်ထပ် အဆောက်အဦးဖြစ်ကာ စာသင်ခန်း (၃)ခန်း ပါဝင်ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)