မိုင်းပျဥ်း ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ Biometric အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အ.ထ.က ကျောင်း၌ Biometric အချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြည့်ကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီး၍ အသက် ၁၀ နှစ်နှင့် အထက် နိုင်ငံသား စိစစ်ရေးကဒ်ပြားကိုင်ဆောင်သူ၊ အချက်အလက်ပြည့်စုံသူ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးကို ဂဏန်း(၁၀) လုံးပါသည့် UID ကတ်များ ပြုလုပ်ပေး လျက်ရှိသည်။
အဆိုပါ အ.ထ.က ကျောင်း၌ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ် ထုတ်ပေးခြင်းကို (၇.၇.၂၀၂၃ ရက်နေ့မှ ၁၃.၇.၂၀၂၃ ရက်နေ့အထိ) ကျောင်းဖွင့်ရက်များတွင် နေ့စဉ်နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်နောင်ထွန်း(ပြန်/ဆက်)