အင်တော ဇူလိုင် ၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ အင်တောမြို့တွင် ၂၀၂၃ အခြေခံပညာအထက်တန်းကျောင်းမှ တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ၌ အဆိုပါကျောင်းခန်းမ၌ ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အင်တောမြို့ တိုက်နယ်ကျန်းမာရေးဌာနမှဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးတို့အား ကိုဗစ်ကာကွယ်ဆေး Sinopharm ဆေးကိုထိုးနှံပေးကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)