ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ဓနုဖြူ   ဇူလိုင်       

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ တောင်ဇီးကျေးရွာ၊ သဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတများရေရှည် တည်တံ့စေရေးနှင့် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရရှိစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင်  ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်းနှင့်ဝန်ထမ်းများ၊ ဓနုဖြူ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းကိုကိုဦးနှင့်ဝန်ထမ်းများ၊ မအူပင်မြို့နယ် အောင်ဟိတ်ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်အဖွဲ့၊ တောင်ဇီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အင် းသားကြီးများ၊ ရေလုပ်သားများ တက်ရောက်ကြပြီး အောင်ဟိတ်ငါးသားဖောက်စခန်းမှ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀) ငါးခုံးမငါးသားပေါက်ကောင်ရေ(၁၀၀၀၀၀) ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)၊ စုစုပေါင်းငါးသား‌ပေါက်ကောင်ရေ (၄၀၀၀၀၀)ကို တောင်ဇီး ကျေးရွာ၊ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်ဆက်)