သီပေါ ဇူလိုင် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နီလာစိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကြိုးစားခဲ့ပုံများကိုလည်းကောင်း၊ အထက်တန်းပြဆရာမ ဒေါ်တင်တင်ဝင်းက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး