နမ့်ဆန်မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉  ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး

နမ့်ဆန် ဇူလိုင်   ၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(ထခွဲလ-၁) တွင်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ဆက်လက်ပြီး ကာကွယ်ဆေးထိုး နှံပေးရာတွင် အသက်(၅)နှစ်မှ(၁၈)နှစ်အထိ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Second Booster)နှစ်ကြိမ် ထိုးနှံပြီးသည့် Grade-1မှ Grade-12 အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကိုကျောင်းသား/ ကျောင်းသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမားရေးဦးစီးဌာနမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)