နမ့်ဆန်မြို့နယ်တွင် လောကပါလဘာသာပေါင်းစုံ လူမှုကူညီရေးအသင်းနှစ်ပတ်လည် အစည်းအဝေးပြုလုပ်

နမ့်ဆန်ဇူလှိုင် ၇ ရက်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ် ဆရာတော်ကျောင်းဦးဉာဏိက အခန်း၌ ယမန်နေ့မွန်းလွှဲ(၂)နာရီ အချိန်က နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ လောကပါလ ဘာသာပေါင်းစုံ လူမှုကူညီရေးအသင်း နှစ်ပါတ်လည် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးမစတင်မည် အသင်း၏ ဦးဆောင်နာယကဆရာတော် ဘဒ္ဒန္တဉာဏိကအား အသင်ဝင်များမှ ဩကာသကန်တော့ပြီးဆရာတော်က ဩဝါဒကာဂါထာမိန့်ကြားကာဥက္ကဋ္ဌ ဆရာမကြီး ဒေါ်မြမြခင်က အသင်း၏ ဆောင်ရွက်ပြီးသော လုပ်ရှားမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခြင်း၊ အသင်းဘဏ္ဍာရေးမှူး ဒေါ်ကြည်ကြည်ဌေးက ငွေစာရင်းရသုံးငွေများကို ရှင်းလင်းတင်ပြခြင်း၊ လှစ်လပ်လျက်ရှိသော နာယက အမှုဆောင်များ ရွေးချယ်တင်မြောက်ခြင်းနှင့်  ဒုတိယဥက္ကဋ္ဌ(၂)ဦးအား တိုးချဲ့ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် ရတနာမြတ် သုံးပါးအားကန်တော့၍ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)