ကျောက်မြောင်းမြို့တွင် စဥ့်ဖြင့်ပြုလုပ်ထားသည့် အိမ်အလှဆင်ပစ္စည်းများရောင်းဝယ်မှု အဆင်ပြေ

ကျောက်မြောင်း ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် စဥ့်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ စဥ့်ဖြင့်ပြုလုပ်ထားသည့် အိမ်အလှဆင်ပစ္စည်းရောင်းဝယ်မှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။ အိမ်အလှဆင်ပစ္စည်းများမှာ ပန်းအိုးအမျိုးမျိုးနှင့် အိမ်တွင်းအလှဆင် ရုပ်ပုံအမျိုးမျိုး ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။ စဥ့်အလှဆင်ပစ္စည်းများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကထား တင်ပို့ရောင်းချလျက်ရှိရာ မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

စဥ့်ဖြင့်ပြုလုပ်ထားသည့် အိမ်အလှဆင်ပစ္စည်းများကို လူများက ပိုမိုစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ စဥ့်ဖြင့်ပြုလုပ်ထားသည့် ပစ္စည်းများသည် ထည်ဝါခြင်း၊ လှပသေမှုရှိခြင်း၊ ပုံစံအမျိုးမျိုး ထည့်သွင်းပြုလုပ်ထားခြင်းကြောင့် ပိုမိုစိတ်ဝင်စားကြသည်။ စဥ့်အလှဆင်ပစ္စည်းများကို ယခင် ကိုဗစ်ကာလက ရောင်းဝယ်မှု လျော့နည်းသော်လည်း ယခုအခါတွင် ရောဂါဖြစ်ပွားမှု လျော့နည်းလာခြင်းကြောင့် ရောင်းဝယ်မှုများလာကြောင်း သိရသည်။ စဥ့်အလှဆင်ပစ္စည်းများကို ပို့ဆောင်ရာတွင် ကုန်လမ်းနှင့် ရေလမ်းပါ ပို့ဆောင်လျက်ရှိသောကြောင့် ရောင်းဝယ်မှု ပိုမိုအဆင်ပြေလျက်ရှိကြောင်း စဥ့်လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်။

ကျောက်မြောင်း(ပြန်/ဆက်)