တနင်္သာရီတိုင်းဒေသကြီး ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများတွင် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပွဲပြိုင်ပွဲ ကျင်းပ

ထားဝယ် ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပွဲပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ပြိုင်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်ရွတ်အသင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝတ်ရွတ်အသင်း၊ မီးသတ်ဦးစီးဌာန ဝတ်ရွတ်အသင်းနှင့် ရဲတပ်ဖွဲ့ဝတ်ရွတ်အသင်းတို့က ရွတ်ဆိုပူဇော်ယှဉ်ပြိုင်ကြရာ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များက စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အကဲဖြတ်အမှတ်ပေးခဲ့ကြသာ သီလရှင်ဆရာကြီးများအား နဝကမ္မ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဆုရရှိသည့် ဝတ်ရွတ်အသင်းများအား ဆုများ ပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်နှင့် တာဝန်ရှိသူများက  ပထမဆုဆုရရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်ရွတ်အသင်း၊ ဒုတိယဆုရရှိသည့် ရဲတပ်ဖွဲ့ဝတ်ရွတ်အသင်းတတိယဆုရရှိသည့် မီးသတ်ဦးစီးဌာနဝတ်ရွတ်အသင်းနှင့် စတုတ္ထဆုရရှိသည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝတ်ရွတ်အသင်းများအား ဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ပြိုင်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ကျော်၊ အတွင်းရေးမှူး ဦးခင်မောင်ချို၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မိသားစုစည်းရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေးအဖွဲ့များက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)