ပေါက်တော ဇူလိုင် ၉
ရခိုင်ပြည်နယ် ပေါက်တောမြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ပေါက်တောမြို့ရှိ လောကထိပ်ပန်ဘုရား ရှေ့ကွင်းပြင်၌ ကျင်းပသည်။
အခမ်းအနားသို့ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်ကလေးအဖွဲ့ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာများ၌ ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပေးကြသည်။
ထို့နောက် ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးတို့က ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့က သတ်မှတ်နေရာများတွင် ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးကြသည်။
ယနေ့အခမ်းအနားတွင် အုန်းပင် ၁၀၊ ကျွန်းပင် ၂၀၀ ၊ မန်ဂျန်ရှား ၃၀၀ စုစုပေါင်း ပျိုုးပင် ၅၁၀ ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)