သံတွဲခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သံတွဲ ဇူလိုင် ၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မြို့ရွာများစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် သံတွဲခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း ကျင်းပပြုလုပ်သည့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အံတော်ကျေးရွာ အုပ်စု၊ အံတော်ကျေးရွာဘုရားတောင်ခြေတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်နှင့် ဝန်ထမ်းများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၁၀၅ ဦးတို့က ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ငု စသည့် အပင်ပေါင်း ၁၀၄ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည်  ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)