ပိုးအခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုဆိုင်ရာ အသိပညာပေး Talk Show ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၉

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)  လုပ်ငန်းများအား တိုးတက်အောင်အားပေး၍ ပြည်တွင်းလိုအပ်ချက်များကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ  ကြိုးစားအကောင်အထည်ဖော်ရန် နိုင်ငံတော်အစိုးရ အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွါးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်လျက်ရှိသည်။

MSME လုပ်ငန်းများတွင် နည်းပညာပိုင်းနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာ အားကောင်းလာပါက ပြည်တွင်းမှာပင် ထုတ်ကုန်အသစ်များ တိုးချဲ့ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပြည်ပမှ မှာယူသုံးစွဲ ရသော လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများအစား ပြည်တွင်းဖြစ်ကိုသာ အစားထိုးသုံးစွဲ နိုင်စေရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် ဒေသထွက်ကုန် လုပ်ငန်းများ ဈေးကွက်ပိုမိုရရှိရေး ရည်ရွယ်၍ ပိုးအခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း များထုတ်လုပ်မှုဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၁ နာရီက   ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး Naing အမှတ်တံဆိပ်ဖြင့် ပြင်ဦးလွင်မြို့တွင် ပိုးအခြေခံ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရောင်းချသူ ဦးဝင်းနိုင် က ပိုးစာဝိုင်၊   ပိုးချည်မျှင် ရေချိုးဆပ်ပြာ၊ Silk Lotion Silk Shampoo   Day Cream Night Cream ၊ ပိုးဆပ်ပြာများ စတင်လုပ်ဆောင်ခဲ့သည့်သမိုင်းကြောင်း၊ ပိုးချည်မှထွက်သော ကော်ရည် Sericin အား အသုံးပြု၍ အဆိုပါ အလှကုန်များ ထုတ်လုပ်နိုင်သည့် နည်းပညာရပ်များအကြောင်း၊ ပိုးအခြေခံ စားသောက်ကုန်၊ လူသုံးကုန်ထုတ်လုပ်လိုပါက ကုန်ကြမ်းရရှိနိုင်ရေး ချိတ်ဆက် ဆောင်ရွက်နိုင်မည့်လုပ်ငန်းများစသည့် အကြောင်းအရာများအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေး အသိပညာပေး မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် (ပြန်/ဆက်))