သတင်းများ

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာရှိ ထမင်းစားဆောင်နှင့် အလုပ်ရုံ အဆောက်အဦ ပန္နက်တင် မင်္ဂလာကျင်းပ
Jul 12,2023
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ ထမင်း စားဆောင်နှင့် အလုပ်ရုံအဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ ခပေါင်းရေကြည်ရပ်၌ ကျင်းပသည်။
နတ်တလင်းမြို့တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jul 12,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီး ဌာန၊ အမှတ် (၄၅) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ထိန်သေးကျေးရွာအုပ်စု၊ ကြွက်နွယ်တောကျေးရွာ ကွင်းအမှတ် ၂၂၄w တောင်သူ ဦးကျော်ဆန်း၏ လယ်မြေတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်၌ မိုးစပါး Seeder စိုက် စနစ်စံပြကွက်တွင် မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်းဆောင်ရွက်
Jul 12,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ ၊ ကွင်းအမှတ် (၈၄၀)၊ ဦးပိုင်(၃/၁) တောင်သူဦးကျော်ဆွေ၏ လယ်မြေ (၄.၈၈)ဧကရှိ မိုးစပါး Seeder စိုက်စနစ်စံပြကွက်တွင် ဧရာပဒေသာစပါး မျိုးစေ့များအား မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
ကန့်ဘလူမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric)များ ကောက်ယူ
Jul 12,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနရုံး၌ ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနမှ ဝန်ထမ်းများက ကောက်ယူလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်
Jul 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်‌ ဆောင်းပါးပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကို
ရွှေပြည်သာမြို့နယ်တွင် လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်းသား/သူများ ဗဟုသုတများတိုးပွားစေရန်၊ နိုင်ငံ့သားကောင်း ရတနာများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီတွင် ရွှေပြည်သာမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ငဖဲမြို့နယ် စည်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်
Jul 12,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် (၇၆)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍
ဒဂုံတက္ကသိုလ်၌ ပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်တွင် နိုင်ငံခြား ပညာသင်ဆု (Scholarship) များနှင့် ပတ်သက်သော အသိပညာပေး ဟောပြောပွဲကို အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။