ပေါက်ခေါင်း ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဓမ္မသော်)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အထက(ဓမ္မသော်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းပြဆရာမများက အာဇာနည်နေ့ ပေါ်ပေါက်လာပုံဖြစ်စဉ် သမိုင်းအကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအထ္တုပ္ပတ္တိများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လေးမြတ်ဂုဏ်ရည် အာဇာနည်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “မမေ့စဉ်လာအာဇာနည်နေ့အချိန်အခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “အာဇာနည်မြတ်မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ဆောင်းပါးပြိုင်ပွဲတွင် "အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်" စသည့်ခေါင်းစဉ်တို့ဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်နှင့် ဆရာ၊ ဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)