သတင်းများ

တနင်္သာရီတွင် ကျန်းမာရေးဝန်ထမ်းများအား(ဒုတိယ)နေ့အဖြစ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆက်လက်ဆောင်ရွက်
Jan 28,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာ၊ တိုင်းရင်းဆေးကုဌာနတို့၌ တာဝန် ထမ်းဆောင်လျက်ရှိကြသော
မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက် (၈)နာရီခွဲ ကမှော်ဘီမြို့နယ် ပြည်သူ့ ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး
Jan 28,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နေ့လယ် ၃ နာရီက ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်‌ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပုလောမြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ
Jan 28,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကုတင် (၁၀၀)ပြည်သူ့ ဆေးရုံခန်းမမှာ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘောဂလိမြို့ အမှတ်(၄)ရပ်ကွက် ဘောလုံးကွင်းလမ်း အုတ်စီရေမြောင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်း (၅၀)ရာခိုင်နှုန်းပြီးစီး
Jan 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ဘောဂလိမြို့တွင် မြို့စည်ပင်သာယာ‌ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ခွင့်ပြုရန်ပုံငွေဖြင့် ဘောဂလိမြို့ အမှတ်(၄)ရပ်ကွက် ဘောလုံးကွင်းလမ်း အုတ်စီရေမြောင်းနှင့် မြောင်းဖုံး ပြုလုပ်ခြင်း ကို ဇန်နဝါရီ ဒုတိယပတ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိရာ ယခုအချိန်တွင် (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ
Jan 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။