သတင်းများ

ဝိုင်းမော်မြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 12,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့ရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
တာမွေမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့ သိရှိထားသည့် အသိဉာဏ် ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများ၏ အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁)တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းကတောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၁)၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ​ပေး
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင်ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ကမာရွတ်မြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာရိပ်သာ ခန်းမ၌ကျောင်းသား၊ ကျောင်းသူ (၁၅ဝ)ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် စုပေါင်းဝါဆိုသင်္ကန်းအောင်မြန်စွာ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jul 12,2023
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးနှင့် စုပေါင်းဝါဆိုသင်္ကန်းအောင်မြင်စွာ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့ တက်ရောက်အမှာစကား ပြောကြားသည်။
ကဝမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကို ယမန်နေ့ နံနက် (၁၀:၃၀)နာရီအချိန်က အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
မရမ်းကုန်းမြို့နယ် စိန်နဂါး ကြွေ၊ မြေ၊ ဖန်ထည်စက်မှု ကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ စိန်နဂါး ကြွေမြေဖန်ထည် စက်မှုကုန်ထုတ်သမဝါယမအသင်းလီမိတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို အဆိုပါ အသင်းရုံးခန်း၌ ယမန်​နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့၊ အခြေခံပညာအထက်တန်းကျောင်းများ၌ အသက်(၅)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံ
Jul 12,2023
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။