သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအိမ်မဲမြို့နယ်၏ ၂၀၂၃ ခုနှစ်မိုးစပါးဧက (၁၀၀)တွင် နယူးဧရာ (၁)အထူး အထွက်ကောင်းမျိုးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက် ကြည့်ရှုအားပေး
Jul 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု ရေသိုးညောင်ဝိုင်းကျေးရွာ တောင်သူဦးအောင်သောင်း၏ စိုက်ဧက (၂)ဧကတွင် နယူးဧရာ (၁)အထူး အထွက်ကောင်းမျိုး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ၌  ဆင်းသုခစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုး
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ၌ ဆင်းသုခစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်း၌ ညောင်ကျေးရွာအုပ်စု ကွင်းအမှတ်(၃၈၁)၊ တောင်သူဦးဌေးကို၏ လယ်ယာမြေငါးဧက၌ စိုက်ပျိုးလျက်ရှိသည်။
မော်လိုက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက်  (Abate)ဆေးခပ်ခြင်း ကွင်းဆင်း ဆောင်ရွက်
Jul 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင်မိုးရာသီ၌ ဖြစ်ပွားသော သွေးလွန်တုပ်ရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ဝန်ထမ်းအိမ်ရာရှိ ရေအိုင်များနှင့်ရေကန်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ဧက ၅၀၀၀ ကျော်စိုက်ပျိုးပြီးစီး
Jul 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ဧက ၅၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရေနံချောင်းမြို့နယ်၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်
Jul 12,2023
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်း ခွင်ထိခိုက်ဒဏ်ရာရသေဆုံးမှုအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးတွင်ပြုလုပ်သည်။
မိုင်းနောင်မြို့တွင် Biometric Data ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်
Jul 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပညာ​ရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ်(၁၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဝမ်စိမ်း)ခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူအစုအဖွဲ့များသို့ သွင်းအားစုမြေဩဇာအိတ်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သည့် တောင်သူများ ကိုယ်စားသွင်းအားစုတန်ဖိုးငွေများပေးချေ
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုက်ကြီးမြို့နယ်အတွင်းမှ ချေးငွေရရှိသူတောင်သူအစုအဖွဲ့(၉)ဖွဲ့သို့ သွင်းအားစုမြေဩဇာအိတ်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သည့်တောင်သူအစုအဖွဲ့ (၁၅)ဖွဲ့ရှိ တောင်သူများ ကိုယ်စားသွင်းအားစုတန်ဖိုးငွေများပေးချေခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။