ရွှေပြည်သာ ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်းသား/သူများ ဗဟုသုတများတိုးပွားစေရန်၊ နိုင်ငံ့သားကောင်း ရတနာများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီတွင် ရွှေပြည်သာမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာချိုပန်းချီ(ပညာရေး)က အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောခဲ့ ပြီးစာရေးဆရာဝင်းနွယ်(ပုသိမ်)က လူငယ်များ၊ ကျောင်းသား/သူများအသိပညာဗဟုသုတရရှိစေရန် (၇၆)နှစ်မြောက်အာဇာနည်နေ့နှင်ပတ်သက်၍ နေရာဟူသောခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်၊ စာစောင်များနှင့်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်စားစွာလှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)