သတင်းများ

နောင်ချိုမြိုနယ် အ.လ.က ခွဲ၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ပြုလုပ်
Jul 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ကျောင်သား၊ ကျောင်းသူ (၁၂၅၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Jul 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက် (၉)နာရီက လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်
Jul 12,2023
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဝန်ထမ်းများ မိသားစုများအား ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ချမ်းအေးသာစံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်း လုပ်ငန်းများ နေ့စဉ်ဆောင်ရွက် လုပ်ကိုင်ပေးလျက်ရှိကြောင်း သိရသည်။
မူဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းများတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများ ကျင်းပ
Jul 12,2023
၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများကို တစ်ပြိုင်နက် ကျင်းပဆောင်ရွက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ် အင်ဘု(အ.လ.က)တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့်ပြပွဲ ကျင်းပ
Jul 12,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အင်ဘုအခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် ပြပွဲကျင်းပသည်။
ဆီဆိုင်မြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ
Jul 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ မင်္ဂလာရပ်ကွက်အတွင်းရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ်တွင် စိုက်ပျိုးထားသည့် ချည်မျှင်ရှည်ဝါများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jul 12,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုနှစ်အတွက် မိုးကြိုချည်မျှင်ရှည်များကို ဒေသနှင့် ကိုက်ညီသော နယုန်လတွင် အများဆုံးစိုက်ပျိုးခဲ့ကြရာ ယခုအခါ အပင် သက်တမ်း (၁) လသား အရွယ်သို့ ရောက်ရှိခဲ့ပြီး အောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ကြောင်း သိရှိရသည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။