နတ်တလင်းမြို့တွင် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

နတ်တလင်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီး ဌာန၊ အမှတ် (၄၅) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ထိန်သေးကျေးရွာအုပ်စု၊ ကြွက်နွယ်တောကျေးရွာ ကွင်းအမှတ် ၂၂၄w တောင်သူ ဦးကျော်ဆန်း၏ လယ်မြေတွင် ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သရုပ်ပြပွဲကို နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊​ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲထွန်းမှ ​ကောက်စိုက်စက်၏ စက်မှုဆိုင်ရာ အချက်အလက်များနှင့် ကောက်စိုက် စက် အသုံးပြုစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းပြခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းမောင်ဝင်းမှ တောင်သူများအား နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးကြရန် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး