ကန့်ဘလူ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနရုံး၌ ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနမှ ဝန်ထမ်းများက ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေအောင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများက အချက်အလက်ကောက်ယူခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းကို ဇူလိုင် ၁၀ ရက်က စတင်၍ ခရိုင်အဆင့်ဌာနဆိုင် ရာရုံးများမှ အရာထမ်း၊ အမှုထမ်းတို့၏ အချက်အလက်များကို စာရင်းကောက်ယူလျက်ရှိပြီး ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်း လုပ်ငန်းများကို ဦးတည်အုပ်စု သတ်မှတ်အစီအစဥ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)