ပြင်ဦးလွင်မြို့တွင် (Biometric) အချက်အလက်များကောက်ယူပြီး (Unique ID (UID)) ထုတ်ပေးခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်
Jul 13,2023
ပြင်ဦးလွင်မြို့တွင် (Biometric) အချက်အလက်များကောက်ယူပြီး (Unique ID (UID)) ထုတ်ပေးခြင်း လုပ်ငန်းများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်လွင်ဦးသည် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ (e-ID) စနစ်လုပ်ငန်းအတွက် ကျောင်းသား၊ ကျောင်းသူများအား (Biometric) အချက်အလက်များ ကောက်ယူနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။