သတင်းများ

ပေါင်းတည်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကဗျာရွတ်နှင့် စာအုပ်စာစောင် ပြပွဲ ကျင်းပ
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လူ၊ ကယ်ဆယ်ရေးပစ္စည်း၊ ပို့ဆောင်ရေးယာဉ် အသင့်ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်
Jul 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လူ၊ကယ်ဆယ်ရေးပစ္စည်းနှင့် ပို့ဆောင်ရေးယာဉ်အသင့်ပြင်ဆင်စုဖွဲ့ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ က စစ်ဗျူဟာအဖွဲ့(အခြေချ) နယ်မြေခံတပ်စစ်ရေးပြကွင်း၌ ပြုလုပ်ခဲ့သည်။
နည်းပညာတက္ကသိုလ်(ဘားအံ) ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jul 14,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်နည်းပညာတက္ကသိုလ်(ဘားအံ)၏ ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။
ဘားအံမြို့ အခြေခံပညာအထက်တန်းကျောင်း(အုန်းတပင်)၌ လူငယ်များဘက်စုံဖွံ့ဖြိုးရေးလူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jul 14,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင်ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁:၀၀ နာရီခန့်က ဘားအံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲအုန်းတပင်)သုတအလင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သီရိပျံချီဦးတင့်လွင်နှင့်အဖွဲ့သည် အောင်လံမြို့နယ်ရှိ ဥစားကြက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Jul 14,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သီရိပျံချီဦးတင့်လွင်နှင့် အောင်လံမြို့နယ်ရှိဥစားကြက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက ၁၀၀ စိုက်ကွင်းအတွင်း ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းစွမ်းရည်ပြိုင်ပွဲသို့တက်ရောက်
Jul 14,2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စုမဒိန်ကွင်းအား ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဖော်ထုတ်ပြီးစီးခဲ့သော စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧက ၁၀၀ စိုက်ကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက် နှုန်းပြည့်မီစေရေးနှင့် စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေး တောင်သူအသိပညာပေး ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဧက ၁၀၀ စိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည်။
အ.လ.က (ခွဲ) ယင်းမလွတ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် အ.လ.က(ခွဲ)ယင်းမလွတ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းခြင်း လုပ်ငန်းဆောင်ရွက်
Jul 14,2023
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် နယ်လှည့်စာကြည့်တိုက်များဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဓာတ်ပုံပြပွဲနှင့်နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ဆိုင်ရာအသိပညာပေးပြပွဲ၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ခဲ့သည်။