သတင်းများ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အားကစားနှင့်လူငယ်အသိပညာပေး ဟောပြောဆွေးနွေး
Jul 14,2023
စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၊ စုတည်အုပ်စု၊ ထနောင်းဝန်းကျေးရွာအတွက် သောက်သုံးရေ ၄၅၀၀ ဂါလံဆံ့ရေလှောင်အုတ်ကန်လှူဒါန်း
Jul 14,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စုတည်အုပ်စု၊ ထနောင်းဝန်းကျေးရွာသို့ အလှူရှင်မိသားစုမှ ထနောင်းဝန်းကျေးရွာသူ/သားများ သောက်သုံးရေသိုလှောင်ပြီး ရေသုံးစွဲမှုအဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းအချိန်က ရေဂါလံ ၄၅၀၀ ဆံ့ရေ လှောင်အုတ်ကန်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အ.ထ.က(ခွဲ)(ဗိုလ်မင်းရောင်)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်
Jul 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် ဇူလိုင် ၁၉ ရက်တွင် ရောက်ရှိမည့်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလံတိုင်ရှေ့တွင် ကျင်းပသည်။
နတ်မောက်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 14,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
မုံရွာမြို့ မြို့သစ်ရပ်ကွက် အ.လ.ကကျောင်းဝန်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Jul 14,2023
ရာသီဥတုပြောင်းလဲမှုနှင့်သဘာဝဘေးအန္တရာယ်လျော့ပါးလာပြီး မိုးခေါင်ရေရှားမှုနှင့်အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများရေရှည်တည်တံ့စေရေး သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများမှသစ်တော သစ်ပင်များ၏တန်ဖိုးအား သိရှိနားလည်မြတ်နိုးသည့် စိတ်ဓါတ်များဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းဖြင့်
ခင်ဦးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရေများ စတင်ပေးဝေ
Jul 14,2023
ခင်းဦးမြို့နယ်၊ သဖန်ဆိပ်ဆည်ရေသောက် ဧရိယာအတွင်းရှိ မိုးစပါးစိုက်ဧက (၅၅၂၃၉) ဧကစိုက်ပျိုးရန်အတွက် ရွှေဘိုမြောင်းမတော် (SMC)နှင့် ကင်းတပ် လက်ဝဲတူးမြောင်း (OMC) တို့မှ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများအား ၇.၇.၂၀၂၃ ရက်နေ့မှစတင်၍ ပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
သိန္နီမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပန်လော့ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
Jul 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ရွာသစ်ရပ်ကွက်အတွင်းရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။