သတင်းများ

ရခိုင်ပြည်နယ်မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံသို့ ကြည့်ရှုစစ်ဆေး
Jul 14,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် တာ၀န်ရှိသူများသည် မုန်တိုင်းဘေးကြောင့်‌လေဘေးသင့်ပြီး ပျက်စီးခဲ့သောကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၊ မိုးစပါးပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုအား ကြည့်ရှုအားပေး၊ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရောက်ရှိမှုအားကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
စုကလိမြို့တွင် (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 14,2023
ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် ၇၆နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက စုကလိမြို့ အခြေခံပညာ အထက်တန်းကျောင်း(အ.ထ.က စုကလိ)တွင် ပြုလုပ်ခဲ့သည်။
ခန္တီးမြို့တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြေပြိုကျမှုနှင့် မြေနိမ့်ပိုင်းနေရာအချို့ရှိ နေအိမ်များ မိုးရေဝင်ရောက်မှုဖြစ်
Jul 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခန္တီးမြို့ဇီးဖြူကုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဆွမ်းချက်ဆောင်(၃)ပင်(၂)ခန်း၊ သွပ်မိုး၊ မြေစိုက်အဆောင်ရှိ အဖီ(၁၀)ပေပတ်လည်ခန့် မြေပြို၍ပျက်စီးမှုနှင့် ဇီးဖြူကုန်းရပ်ကွက်မြို့ပတ်လမ်းတွင် ပေ(၃၀)ခန့်မြေ ပြိုကျ၍လမ်းပိတ်ခြင်းများဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါမိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက်နှင့် ပေါမိုင်းရပ်ကွက်အတွင်းရှိ မြေနိမ့်ပိုင်းနေအိမ်အချို့ မိုးရေဝင်ရောက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။
(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့်ဆုချီးမြှင့်ပွဲများ သာစည်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်
Jul 14,2023
(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲများနှင့်ဆုချီးမြှင့်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသူရိယခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့် 
Jul 14,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို   ယမန်နေ့မွန်းလွဲပိုင်း(၁)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကံ့ကော်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။
သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် ကြက်ခြေနီအသင်းခွဲငယ်များအား အသိပညာပေး ဟောပြောပွဲနှင့်အသင်းခွဲငယ် အစည်းအဝေးကျင်းပ
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ကြက်ခြေနီ အသင်းခွဲငယ် ဖွဲ့စည်းထားပြီးသော အခြေခံပညာကျောင်းများတွင် ကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောပွဲများကို သာပေါင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ချင်းကုန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (မြောက်ပန်းကုန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အမှတ်(၃၀၈)ခြေမြန်တပ်ရင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ကြက်သွန်ကွင်း) ကျောင်းများ၌ ဇူလိုင်လ ၁၂ ရက်နေ့၊နံနက် ၁၀ နာရီအချိန်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးဦးမြင့်စိုးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံ
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ သံကြိုးတိုင်ရပ်ကွက်၊ မြို့ပါတ်လမ်းရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် နံနက် ၁၁ နာရီခွဲအချိန်ရောက်ရှိလာပြီး မြို့နယ်ဦးစီးမှူး ဒေါ်မေမျိုးသန့်နှင့်တာဝန်ရှိသူများအားတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 14,2023
လူငယ်များအသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်နှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ဗဟန်း)မြတ်ပန်းမဥ္ဇူခန်းမ၌ ကျင်းပသည်။