ကျိုက်လတ် ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက လူငယ်နှင့်အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏ အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစား ၏ ထူးခြားသည့် ဝိသေသများ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံတက်ရောက်နိုင်ရန် လူငယ်တစ်ဦးတွင် ပြည့်စုံရမည့် အချက်အလက်များ အကြောင်းတို့ကို ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်အသိပညာပေး ဟောပြောပွဲသို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းသန်း၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်