မုဒုံ ဇူလိုင် ၁၃
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေသံလွင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ မုဒုံမြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက အမှာစကားပြောကြားပြီး ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကျော်ထူးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဥ်များ၊ လူကုန်ကူးမှုဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆို ချက်များနှင့် လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား အသိပညာပေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊သုံးစွဲရောင်းချခြင်း၏ ဆိုးကျိုးများနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် အသိပညာတိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ကဗျာ၊ကာတွန်းစသည့် နံရံကပ် ပိုစတာများကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/ သူ စုစုပေါင်း ၁၈၀ ဦးတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သားငယ်(ပြန်/ ဆက်)