ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကျင်းပ

နေပြည်တော် ဇူလိုင် ၁၃

လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ ကာယစွမ်းရည်နှင့် ဉာဏစွမ်းရည်များ ဖွံ့ဖြိုးလာစေရန်အတွက် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောသည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများပြုလုပ်ပြီး တာဝန်ရှိသူများက ဆုရရှိသူများအား အမှတ်တရဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်သည်။

အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် လူငယ်ရေးရာနှင့်ပတ်သက်သည့် နံရံကပ်စာစောင် ပြဘုတ်များနှင့် စာအုပ်/စာစောင်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)