တပ်ကုန်း ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသော အထက်တန်းအဆင့် သီချင်ဆိုပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီးနောက် ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးက တေးသံရှင် မေလှမြိုင်သီဆိုထားသည့် “အလေးပြုပါတယ်” သီချင်းဖြင့် ပါဝင်ယှဉ်ပြိုင်ပြီး၊ ပြိုင်ပွဲတွင် ဒိုင်အဖြစ် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)၊ မြို့နယ်အမျိုးသမီးအဖွဲ့(Woman Club)ဥက္ကဋ္ဌ ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)တို့က ဆောင်ရွက်ခဲ့သည်။
ထိုပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်သူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်