မူဆယ်မြို့ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ BOOk CLUB အသင်းဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

မူဆယ် ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်၊ အသိပညာ ဗဟုသုတတိုးပွား လာစေရန်၊ ယနေ့ခတ်လူငယ်များ အနာဂတ်ဘဝကောင်းမွန်နေစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်မြတ်နိုးသူ BOOk CLUB အသင်းဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီး မှူး ဦးအယ်လ်စိုးထန်တူးက စာပေများကို အကျိုးရှိစွာ အဆက်မပြတ် လေ့လာဖတ်ရှုစေနိုင်ရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏အမွေခံတစ်ယောက် အမွေပေး သူတစ်ရာစာအုပ်မှအကြောင်းအရာများအနက် “ဆရာရေးပေးသော ၁၀ ပြား” အကြောင်းအရာများကို တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများက တစ်ဦးချင်း စာပိုဒ်တစ်ပိုဒ်ချင်း ဖတ်ကြားကာ အပြန်အလှန်ဆွေး ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဉီးစီးဌာန၊ စာကြည့်တိုက်ရှိ အသိပညာဗဟုသုတ စာအုပ်များကိုလည်း အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)