သတင်းများ

မိုင်းပျဥ်းမြို့၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jul 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် ယနေ့နံနက် ၉ နာရီက မိုင်းပျဥ်းမြို့အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်းကျင်းပ
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် မုဒိတာ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ​​ ကို​ဇော်​ဌေး(ယဥ်ကျေးမှု) ရေးသားထားသည့် ကျန်းမာချမ်းသာပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ Mobile Library စနစ်ဖြင့်စာအုပ်စာ‌စောင်များအခမဲ့ငှားရမ်း‌ပေးခြင်းဆောင်ရွက်
Jul 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းကကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင်  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 14,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ စားသောက်ကုန် ဘေးဉပါဒ်ကင်းရှင်းစေရန်၊ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် အခွင့်အရေး ရရှိစေရန်အတွက်  မော်လမြိုင် ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင်လ ၁၃ ရက်နေ့က ကွမ်သဲ (အ-ထ-က)နှင့် မုရစ် ကလေး(အ-ထ-က) ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
မိုင်းငေါ့မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအထိမ်းအမှတ် စာအုပ်/စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်၂၀၂၃ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ရွာကြီးကုန်းရပ်ကွက်၊ အခြေခံပညာ(မူလွန်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။