တပ်ကုန်း ဇူလိုင် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် ဇူလိုင် ၁၉ ရက်တွင် ရောက်ရှိမည့်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလံတိုင်ရှေ့တွင် ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပြီးနောက် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွမ်ခမ်းက အာဇာနည်နေ့ပေါ်ပေါက်လာပုံ ဖြစ်စဉ်သမိုင်းအကြောင်းအရာများ ဟောပြော၍လည်းကောင်း၊ Grade-7 တန်းမှ ကျောင်းသူ မမေသော်တာက “၁၉ ဇူလိုင် တို့မမေ့နိုင်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်းနှင့်ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများ၊ ကျောင်းသူ၊ ကျောင်းသူပေါင်း ၇၄၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်