မုံရွာ ဇူလိုင် ၁၄
ရာသီဥတုပြောင်းလဲမှုနှင့်သဘာဝဘေးအန္တရာယ်လျော့ပါးလာပြီး မိုးခေါင်ရေရှားမှုနှင့်အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများရေရှည်တည်တံ့စေရေး သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများမှသစ်တော သစ်ပင်များ၏တန်ဖိုးအား သိရှိနားလည်မြတ်နိုးသည့် စိတ်ဓါတ်များဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အမှတ်(၁၂)အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုးနှင့်တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ ယင်းမာပင်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ကြသည်။
ဆက်လက်ပြီး ပျိုးပင်ပေးအပ်ပွဲကိုကျင်းပရာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုးက ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား ခရိုင်မီးသတ်ဦးစီးမှူးထံသို့ ကျွန်းပျိုးပင်အားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသောင်းညွန့်က ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား မြို့နယ်စည်ပင်သာယာအင်ဂျင်နီယာမှူးကြီးထံသို့ မယ်ဇယ်ပျိုးပင်အားလည်းကောင်း၊ မုံရွာ-ယင်းမာပင်ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးနိုင်လင်းက ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးမှူးထံသို့ ရေတမာပျိုးပင်အားလည်းကောင်း၊ မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဆန်းဝင်းက ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား မြို့နယ်ပညာရေးမှူးထံသို့ ငုရွှေပျိုးပင်အားလည်းကောင်း၊ အသီးသီးပေးအပ်ခဲ့ပြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုးနှင့်တာဝန်ရှိသူများက မုံရွာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၃၅၀)ဦးက သတ်မှတ်နေရာအသီးသီးတွင် တစ်ပျော်တစ်ပါးစုပေါင်းသစ်ပင်စိုက်ပျိုးပေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ မုံရွာမြို့အမှတ်(၁၂)အခြေခံပညာအလယ်တန်း ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ ခရေ ၊ တမာ၊ မယ်ဇယ်၊ ငုရွှေ၊ ရေတမာ၊ စိန်ပန်းကြီးသစ်မျိုး(၃၅၀)ပင်အား စိုက်ပျိုးပေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)