နတ်မောက်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုကြွယ်ဝသည့် နိုင်ငံသားကောင်းများဖြစ်ပေါ်စေရန်  ပြိုင်ပွဲကျင်းပပေးရခြင်းကြောင်းနှင့်  ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလယ်တန်းအဆင့် ကျောင်းသား/သူများမှ “အာဇာနည်နေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူစုစုပေါင်း (၃၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဆုရရှိသူများအား နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

လှဝင်း