ညောင်ဦးမြို့နယ်၊ စုတည်အုပ်စု၊ ထနောင်းဝန်းကျေးရွာအတွက် သောက်သုံးရေ ၄၅၀၀ ဂါလံဆံ့ရေလှောင်အုတ်ကန်လှူဒါန်း

ညောင်ဦး ဇူလိုင် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စုတည်အုပ်စု၊ ထနောင်းဝန်းကျေးရွာသို့ အလှူရှင်မိသားစုမှ ထနောင်းဝန်းကျေးရွာသူ/သားများ သောက်သုံးရေသိုလှောင်ပြီး ရေသုံးစွဲမှုအဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းအချိန်က ရေဂါလံ ၄၅၀၀ ဆံ့ရေ လှောင်အုတ်ကန်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်သည် မိုးခေါင်ရပ်ဝန်းအပူပိုင်းဒေသတွင်ပါဝင်ပြီး ဆောင်းဦးပေါက် ရာသီမှစတင်ပြီး သောက်သုံးရေခက်ခဲသည့်ကျေးရွာများပြားပြီး မြေသားမိုးရေလှောင်ကန်များ၊ မိုးရွာသွန်းချိန် အိမ်သွပ်မိတ်မှရေတလျောက်များပြုလုပ်ရေစုပြီး ရေစည်ပိုင်း၊ ရေအုတ်ကန်ငယ်၊ စဉ့်အိုးအကြီး၊အသေးများ၊ ပိုများအတွင်း ပလတ်စတစ်ခံကာ မိုးရေသို လှောင်ပြီး ရေးရှားပါးချိန်သုံးစွဲကြရကြောင်း၊ ထန်တောင်သူအများအပြား ထန်းလျက်ကျိုချက်ချိန် ရွာတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာတော၊ ထန်းတောထဲ ပြောင်းရွေ့ထန်းလျက်ကျိုချက်ရာမှ ရွာအတွင်းသို့ပြန်လည်ပြောင်းရွေ့ခြင်းမရှိတော့ပဲ ရေကြည်ရာ၊ မြက်နုရာနေထိုင်လာခဲ့ရာမှ အိမ်ခြေများလာပြီးတဲတိုက်များဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ သောက်သုံးရေအတွက်မြေသားရေလှောင်ကန်များဆယ်ယူသုံးစွဲခဲ့ကြပြီး မိုးရွာသွန်းမှုများသည့်နှစ်များတွင် မြေသားရေလှောင်ကန်များရေဝင်ကာရေအတွက် အခက်အခဲသိပ်မရှိကြပဲ မိုးရွာသွန်းမှုနည်းသည့်နှစ်များတွင် သောက်သုံးရေခက်ခဲမှုကြုံ တွေ့နေရသည့်နှစ်များရှိခဲ့ကြောင်း ဒေသခံတောင်သူများကရှင်းပြ၍သိရသည်။ ညောင်ဦးမြို့နယ်တွင် သောက်သုံးရေရှားပါးသည့်ကျေးရွာများ၊ တဲတိုက်များအား ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့မှ ရေဂါလံ ၄၅၀၀ ဆံ့ရေအုတ်ကန်များလှူဒါန်းပေးခြင်း၊ တစ်ဦးချင်းအလှူရှင်များလှူဒါန်းလိုသည့် ရေအုတ်ကန်များကိုလည်းတစ်ဆင့်လှူဒါန်းပေး ခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ယခုလှူဒါန်းသည့် ရေသိုလှောင်ကန်ကိုလည်း ရန်ကုန်မြို့နေ ကွယ်လွန်သူဖခင်ကြီး ဒေါက်တာမောင်မောင်နှင့်မိခင်ကြီးဒေါ်ခင်မြင့်တို့အားရည်စူး၍ ကျန်ရစ်သူသားသမီး၊ မြေးမြစ်များက ထနောင်းဝန်းကျေးရွာအတွက် သောက်သုံးရေသိုလှောင်နိုင်ရန်  ရေဂါလံ ၄၅၀၀ ဆံ့ရေအုတ်ကန်လှူဒါန်းပေးခဲ့ကြောင်းသိ ရသည်။

ဒီပါလင်း