သတင်းများ

ပြည်မြို့ အ.ထ.က(၅)၌ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အမှတ်(၅)အ​​ခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်ခန်းမ၌ ယနေ့နံနက် ၈ နာရီက ပြည်ခရိုင် ကြက်ခြေနီအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပရာ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေ  ၄ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများက အမှတ်(၄) ရပ်ကွက်ရှိ အသက် (၁၁၁) နှစ်ရှိသော အဘိုး ဦးရွက်ခမ်းထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျောက်မဲမြို့ အထက(၄)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Jul 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အထက(၄)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲတက်ရောက်အားပေး၊ ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 14,2023
ရပ်ကွက်/ကျေးရွာနှင့်တိုက်နယ်များမှ ပြည်နယ်နှင့်နိုင်ငံဂုဏ်ဆောင်နိုင်မည့် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ကျင်းပသော ၂၀၂၃ ခုနှစ် ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
တံတားဦးမြို့နယ်တွင် မိုးရာသီ၌ စားဖိုဆောင်သီးနှံများစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 14,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများသည် တောင်သူလုပ်ငန်းကို အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိုးရာသီကာလတွင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် စားဖိုဆောင်သီးနှံသီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။
မြေဆီလွှာဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ထည့်သွင်းမြေမြုပ်ပွဲ ကျင်းပ
Jul 14,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာအုပ်စု သခွပ်ကုန်းကျေးရွာ တောင်သူဦးသိန်းဝင်း၏ ပျိုးထောင်စိုက်ပျိုးမည့်ရက် ၉၀ စပါးလယ် ၅ ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ထည့်သွင်းမြေမြုပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jul 14,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် အောင်ပွဲရ အမျိုးသမီးဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆို
Jul 14,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်  အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အောင်ပွဲရ ကျုံပျော်ခရိုင် အသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ ကျုံပျော်မြို့တွင် ယနေ့ နံနက် ၉ နာရီ အချိန်က ပြုလုပ်သည်။