ခင်ဦး ဇူလှိုင် ၁၄
ခင်းဦးမြို့နယ်၊ သဖန်ဆိပ်ဆည်ရေသောက် ဧရိယာအတွင်းရှိ မိုးစပါးစိုက်ဧက (၅၅၂၃၉) ဧကစိုက်ပျိုးရန်အတွက် ရွှေဘိုမြောင်းမတော် (SMC)နှင့် ကင်းတပ် လက်ဝဲတူးမြောင်း (OMC) တို့မှ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများအား ၇.၇.၂၀၂၃ ရက်နေ့မှစတင်၍ ပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ခင်ဦးမြို့နယ် ရွှေဘိုမြောင်းမတော် (SMC)ရေသောက်ဧရိယာအတွင်းရှိ သာဝတ္ထိ၊ မုံလှ၊ တပင်ကောင်း၊ ပေါင်းလှဲကုန်း၊ ဂွေးကုန်း၊ မြို့သစ်အုပ်စု ကျေးရွာများ၌လည်းကောင်း၊ ကင်းတပ်လက်ဝဲတူးမြောင်း (OMC) ရေသောက်ဧရိယာအတွင်းရှိ ကံသာယာ၊ ဗအိုး၊ ကံသစ်၊ လက်ပံလှ၊ ရွာသန်း၊ ကျီးကန်း အုပ်စုအတွင်းရှိ ကျေးရွာများတွင် မိုးစပါးစိုက်ပျိုးမှု လယ်ယာလုပ်ငန်းများအတွက် ပျိုးထောင်းခြင်း၊ မြေယာပြုပြင်ထွန်းယက်ခြင်းနှင့် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဟန်မျိုးကျော်