တံတားဦးမြို့နယ်တွင် မိုးရာသီ၌ စားဖိုဆောင်သီးနှံများစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

တံတားဦး ဇူလိုင် ၁၄

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများသည် တောင်သူလုပ်ငန်းကို အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိုးရာသီကာလတွင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် စားဖိုဆောင်သီးနှံသီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။

စားဖိုဆောင်သီးနှံများကို မိမိတို့အိမ်ခြံမြေများနှင့် ယာလုပ်ငန်းများတွင် မိုးရွာသွန်းသည့်အချိန်များတွင် ငရုပ် ၊ သခွား ၊ ခဝဲ ၊ ရွှေဖရုံ ၊ ချဉ်ပေါင် ၊ ကန်စွန်း ၊ ခရမ်း ၊ရုန်းပတီများကို သဘာဝအော်ဂဲစနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် ဒေသခံပြည်သူများအတွက် အများဆုံနှစ်သက်ကြပြီး မိသားစုထမင်းဝိုင်းတွင် မပါမဖြစ်စားသုံးကြသည့် သီးနှံဖြစ်ကြောင်း၊ စားဖိုဆောင်သီးနှံများစိုက်ပျိုးသည့်အချိန်တွင် တောင်သူအများစုမှာ ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံများရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦဂစီးဌာနအနေဖြင့်လည်း နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စားဖိုဆောင်သီးနှံများ ရောင်းချသည့် ဒေသခံပြည်သူများအနေဖြင့် တစ်ရက်လျှင် ငွေကျပ်(၅၀၀၀)မှ(၈၀၀၀)ကျပိအထိရရှိသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၁)အုပ်စု စုစုပေါင်း(၆၄)အုပ်စုတွင် မိုးရာသီကာလတွင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်လုပ်ငန်းကို အိမ်ခြံမြေနှင့် ယာလုပ်ငန်းတို့တွင် မိသားစုစားဝတ်နေရေးအဆင်ပြေနိုင်ရေးအတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း စားဖိုဆောင်သီးနှံ စိုက်ပျိုးသူ ချောင်းခွကျေးရွာ တောင်သူ ဦးမင်းနိုင်ထံမှ သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)