နမ့်ခမ်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

နမ့်ခမ်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေ  ၄ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများက အမှတ်(၄) ရပ်ကွက်ရှိ အသက် (၁၁၁) နှစ်ရှိသော အဘိုး ဦးရွက်ခမ်းထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

နမ့်ခမ်းမြို့နယ်တွင် ရပ်ကွက်(၁၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၃)အုပ်စုနှင့် ကျေးရွာပေါင်း (၁၇၄)ရွာမှ သက်ကြီးဘိုးဘွား ၄၇၉)ဦး တို့အား၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ(၃)လပတ်အတွက် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း (၁၄၃)သိန်းကျော်အား တာဝန်ရှိသူများမှ ဘိုးဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)